ရသေ့တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရသေ့တောင် ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၆ နာရီ ၃၀အချိန်က ၎င်းလမ်းထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းက ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၊မြို့မိမြိုဖ ဦးဦးသာဇံမှဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ အဖွဲ့ဝင် ဦးဦးသိန်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း၊ မြို့နယ်စာရင်းစစ်မှူး ဦးသန်းရွှေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ(၇၂)ကျပ်သန်းဖြင့် အရှည်(၆၀၀)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၈)လက္မ ကွန်ကရစ် လမ်းသစ်ဖြစ်ပြီး စိုင်းမင်းပြည့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖြစ်သည်။

ဆက်လက်ပြီး လမ်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းသူကျောင်းသားများမှ ရခိုင်ရိုးရာအကများ၊ ရခိုင်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် အဖွဲ့ဝင်များ၊ ကျောင်သားကျောင်းသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)