ရခိုင်ပြည်နယ် မောင်တောမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မောင်တော ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။ 

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိမှုများ၊ ယာဉ်ကြောင့်ဖြစ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ၊  ကျဆင်းလာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ် အမျိုးသားအန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းပြီးဖြစ်ပါသောကြောင့်  ခရိုင်/မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့များအား မြို့နယ်အတွင်းဖွဲ့စည်းသည့် အခြေအနေများအား ကော်မတီဝင်များသိရှိပြီး  လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာများက  လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်မည့်အစီအစဉ်များ တာဝန်ရှိသူများက အသီးသီးတင်ပြ ဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်