ပေါက်တောမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော ဒီဇင်ဘာ  ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မြေပြင်တိုက်ဆိုင်စစ်ဆေးရန်အတွက် ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့​သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းကလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  ပေါက်တောမြို့နယ် (Working Group)ကို ဖွဲ့စည်း ထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြား​သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူက ရပ်ကွက်/ကျေးရွာအုပ်စု၊ မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးအဖွဲ့ (Working Group) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ (၂၇)ရက်နေ့တွင် သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ တစ်အုပ်စုမှ အုပ်ချုပ်ရေးမှူးအပါအဝင်(၃)ဦး တက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်(Working Group)ကြီးကြပ်မှုကော်မတီအနေဖြင့် မြေပြင်စာရင်းများမှန်ကန်ရေးအတွက်လုပ်ငန်းတာဝန်များ၊ စာရင်းကောက်ယူပြီးစီး၍ စိစစ်ပြီးစီးသော အိမ်ထောင်စုစာရင်းများအား မြို့နယ်လဝကသို့ လွှဲပြောင်း၍ e-ID ဆိုင်ရာလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူး ဦးကျော်ဌေးမြင့်က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)