စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာများထဲမှ ဂွချောင်းတံတားဆောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ(၀.၀၃၈)ဧကအား လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် စစ်ဆေးလက်ခံခြင်း အခမ်းအနားကျင်းပ

ဂွ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာ(၀.၂၃၆)ဧကအနက်မှ ဂွချောင်းတံတားဆောက်လုပ်ရာတွင်ပါဝင်သွားသည့် မြေဧရိယာ(၀.၀၃၈)ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် စစ်ဆေးလက်ခံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းလင်းက စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာ(၀.၂၃၆)ဧကအနက်မှ ဂွချောင်းတံတားဆောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ(၀.၀၃၈)ဧကနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးမင်းသီဟဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်