တောင်ကုတ် ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်၍ (Working Group)မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ အိမ်ထောင်စုစာရင်းများကောက်ယူရာတွင် မြေပြင်ရှိ လူဦးရေးစာရင်းများ မှန်ကန်စေရေးအတွက် ခရိုင် (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီ၏ လမ်းညွှန်မှု၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူရေးအဖွဲ့ (၈၇)ဖွဲ့က ရပ်ကွက်နှင့်ကျေးရွာအုပ်စု စုစုပေါင်း(၆၆) အုပ်စုတို့တွင် e-ID အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင် နံပါတ်နှင့်အချက်အလက်များ ပြည့်စုံမှန်ကန်ရေးဖြည့်သွင်းခြင်း၊ e-ID နိုင်-၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဖြည့်သွင်းခြင်း၊ ရုံးလက်ခံမရှိသော အိမ်ထောင်စုစာရင်းများ၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမျှ မရှိသူများအား အိမ်ထောင်စု (အလွတ်) ဖြင့်ကောက်ယူခြင်း ၊ မသန်စွမ်းသူ(၅)မျိုးစာရင်း စနစ်တကျကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာရင်းများကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရည်သန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးရည်သန့် ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)