ပေါက်တောမြို့နယ်တွင် မြေပြင်တစ်အိမ်တစ်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်

ပေါက်တော ဇန်နဝါရီ  ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များအလိုက် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှု အခြေအနေများကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက်ငါးရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၃)အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ (၃၁)ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)