ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ စစ်တွေမြို့နယ်ရှိ လူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုအားပေး
ပြည်နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြ သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက အိမ်ထောင်စုလူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။