ဂွ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးမြို့နယ်အဆင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူသည့်နေရာများသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ရဲမှူးခင်မောင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၊ ဦးလှတင့်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီတို့က စာရင်းကောက် ယူရေးအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ တာဝန်ကျ စာရင်းကောက်ယူရေးအဖွဲ့ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား (Working Group)မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူခြင်းအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ဌာနဆိုင် ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၉ ရက်နေ့ထိ စာရင်းမှန်ရရှိရေး ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ရွှေရည်ဝင်းကျော်