တောင်ကုတ်ဖေဖော်ဝါရီ ၂၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အမ်းမြို့နယ်များမှ ဘဏ်ခွဲတာဝန်ခံများနှင့် တွေ့ဆုံ၍ ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးစိုက် တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန် ((NPL) ကျဆင်းရေးနှင့် ရာနှုန်းပြည့် ပြေကြေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ ညနေ (၄)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။
ရှေ့ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက တောင်သူလယ်သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူဦးကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အား အချိန်မီ ပြေကြေစွာ ပေးဆပ်ပြီးနောက် ချေးငွေသစ် ထပ်မံရယူခဲ့ကြကြောင်း၊ ယခုနှစ် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ ကြွေးကျန် ((NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးပါသည်။
ဆက်လက်၍ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့် ပြည်နယ်မန်နေဂျာ ဦးဘကျော်တင်တို့က ထုတ်ချေးငွေများ ကောက်ခံရရှိရေးကိစ္စများဆွေးနွေးပြီးနောက် တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးတို့က ကြွေးဟောင်း၊ ကြွေးကျန် များရာနှုန်းပြည့် ကောက်ခံရရှိရေးဆွေးနွေးသည်။
ထို့နောက် တောင်ကုတ်မြို့နယ် ၊ ကျောက်ဖြူမြို့နယ် ၊ မာန်အောင်မြို့နယ်နှင့်အမ်းမြို့နယ် ဘဏ်ခွဲ မန်နေဂျာများက ချေးငွေများ ကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက်ကောက်ခံမည့် အခြေအနေများကို တင်ပြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မန်နေဂျာများနှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)