တောင်ပြိုလက်ဝဲမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ပြိုလက်ဝဲမြို့ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နေ့လယ်အချိန်ကပြသခဲ့ကြောင်းသိရသည်။

အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ချစ်ကြည်ရင်းနှီးဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံမှုမှတ်တမ်းပုံများနှင့် နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများတွင်ပါဝင်သော  သတင်း ၊ ဆောင်းပါး  ၊ ကြေငြာစာများ စသည်ဖြင့် ပြည်သူများအသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ခင်းကျင်းဖော်ပြထားပြီး ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)