တောင်ကုတ် မေ ၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းအများအတွက် ပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ဖော်ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရုံးရှေ့၌ဆောင်ရွက်ရာ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုဆေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆွေလင်းမောင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူ၊ ပစ္စည်းနှင့် စက်ပစ္စည်း များစုဆောင်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်းတို့က ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိသည့်လူနာများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှကယ်ဆယ်နေမှုနှင့် ကျန်းမာရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခံယူနေမှုများကို သရုပ်ဖော် ဇာတ်တိုက်လေ့ကျင့်ရာ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့က လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)