ရသေ့တောင် မေ ၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မေလ ၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွေရာသီပူပြင်းလာသည်နှင့်အမျှ သောက်သုံးရေများလည်း အချို့နေရာဒေသတွေမှာ အခက်အခဲအဖြစ် နေ့စဉ်ကြုံတွေ့လျက်ရှိရာ မြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များက ရပ်ရွာအတွင်း သောက်သုံးရေလိုအပ်သော နေရာများသို့ သောက်ရေလှူဒါန်းခြင်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ချောင်းဝရပ်ကွက်သို့ သွားရောက်ကာ ၁ လီတာသောက်ရေသန့်ဘူး ၄၀၀ ကိုမိဘပြည်သူများထံ လှူဒါန်းခဲ့ကြသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာ၌ နှလုံးသားအရင်းခံ ဖြစ်တည်လာသည့် လူသားချင်းစာနာစိတ်တစ်ခုဖြင့် အကျိုးရလာဒ် တစ်စုံတစ်ရာမမျှော်လင့်ဘဲ အချိန်မရွေး၊ နေရာဒေသမရွေး အများအကျိုးသယ်ပိုး ဆောင်ရွက်လျက်ရှိသည့် မေတ္တာရှင်ဂရုဏာရှင်ဖြစ်သည်နှင့်အညီ ကူညီဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)