ပေါက်တော မေ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေးရည်ရွယ် ၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်းခြင်းကို ယနေ့ နံနက်ပိုင်းကစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု Commend Center ရုံးခန်းဖွင့်လှစ်ပြီး ကော်မတီဖွဲ့စည်း၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါကအရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ထားရှိခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)