ပုဏ္ဏားကျွန်း မေ ၁၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ (မြို့မဈေး) ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဦးမောင်စံဝင်းဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မကြာမီရက်ပိုင်းအတွင်း မုန်တိုင်းအန္တရာယ် ကျရောက် လာနိုင်မည်ဖြစ်ပါသဖြင့် မိမိတို့ဈေးဆိုင် အတွင်းရှိ သိုလှောင်ထားသောပစ္စည်းများ ရေစိုပျက်စီးမှုမရှိစေရေးအတွက် ကြိုတင်ပြောင်းရွှေ့ထားကြပါရန်၊ မုန်တိုင်း ကျရောက်စဉ် ခေါင်းမိုးများလန်ထွက်နိုင်ပါသဖြင့် မိမိတို့ရောင်းချလျက်ရှိသော ပစ္စည်းများကို မိုးကာများဖုံးအုပ်ပြီး စီမံဆောင်ရွက်ကြပါရန်နှင့် ဈေးဆိုင်းအတွင်းရှိ ပစ္စည်းများအား ယနေ့ နောက်ဆုံးထား၍ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ထားကြပါရန် လှည့်လည်အသိပေး နိုးဆော်ခဲ့ကြောင်းသိ ရသည်။
နီထွန်းအောင်