မြေပုံမြို့၌ အခြေခံစားသုံးကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မုန်တိုင်းအလွန်ကာလတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမရှိစေရန် မြို့နယ်အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များနှင့် စည်ပင်သာယာ မြို့မဈေး ကြီးအတွင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။