ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးလျက်ရှိ

ဘူးသီးတောင် မေ  ၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့မဈေးနှင့် ဌာနဆိုင်ရာ အဆောက်အဦးရုံးများ၊ နေအိမ်များ၊ လမ်းများ၌ ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းသစ်ခက်များ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်ပြီး​သည့်နေမှစ၍ ယနေ့အထိ ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျနေသည့် ဗန်ဒါပင်၊ သရက်ပင်၊ မဲဇလီပင်များမှ အကိုင်းအခက်များအား ရှင်းလင်းဖယ်ရှားခြင်းကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ကော်မတီဝင်များ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များမှာကြားပြီး အချိန်မီ ရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်းနှင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)