မာန်အောင် မေ ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းမပေါ်တွင် ပြန့်ကျဲကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ အမှိုက်များအား ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ တပ်မ တော် တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ လမ်းမပေါ်တွင် ပြန့်ကျဲနေသောသစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ အမှိုက်များ၊ လမ်းမပေါ်သို့ထိုးထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်း၊ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကားများဖြင့်စနစ်တကျ စွန့်ပစ်ခြင်းစသည့် စုပေါင်းသန့်ရှင်ရေးများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)