မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်အဆောက်အဦများနှင့် ကျွဲ၊ နွားများ ပျက်စီးဆုံးရှုံးများဖြစ်ပေါ်

ဘူးသီးတောင် မေ   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်း နေအိမ်အဆောက်အဦများနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်ရှိ မြို့မရပ်ကွက်၊ အနောက်ရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ တောင်ရပ်ကွက်၊ အလယ်ချောင်း၊ ဂုပ္ပီ၊ လက်ဝဲဒက်ပြင်ရှည်၊ မီးရထားဆိပ်၊ ကကျက်ဘက်ကံပြင်၊ သရက္ကင်းမနူး၊ မြောင်းနား၊ ကကျက်ဘက်၊ မောင်ကြီးတောင်၊ ကျွန်းပေါက်၊ လက်ဝဲဒက်ပုဇွန်ချောင်း၊ ကင်းချောင်း၊ ကျောက်ဖြူတောင်၊ ကညင်ချောင်း၊ တပ်မချောင်း၊ ဘဒနာ၊ ပန်းဘဲချောင်း၊ လောင်းချောင်းကျေးရွာများမှ လူထိခိုက်၊ သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရရှိမှု မရှိသော်လည်း လူနေအိမ် (၉၄၆)၊ စာသင်ကျောင်း(၂၃)ကျောင်း၊ ဘုန်းကြီးကျောင်း(၁၂)ကျောင်း၊ ဒသနိကအဆောက်အအုံ (၅)လုံး၊ ဌာနဆိုင်ရာ (၁၁)၊ အဆောက်အဦ (၄၆)၊ အခြား(၇)တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး တိရစ္ဆာန် ကျွဲ၊ နွား၊ အခြားစုစုပေါင်း(၂၂)ကောင် ပျောက်ဆုံး/သေဆုံးခဲ့ကြောင်း၊ လေဘေးသင့်အိမ်ထောင်စု (၉၂၃)စု၊ လူဦးရေ ကျား(၂၂၁၄)ဦး၊ မ(၂၆၄၆)ဦး စုစုပေါင်း (၄၈၆၀)ဦးရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)