မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့ငွေများဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား ထောက် ပံ့ငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ် ၂ နာရီခွဲအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။