ပုဏ္ဏားကျွန်း ဇွန် ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် နိုင်ငံတော်အစိုးရက သာသနိက အဆောက်အအုံများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သော ဘုန်းတော်ကြီးကျောင်းများအတွက် ခေါင်မိုးသွပ်ပြားနှင့်မိုးသံများ ဆက်လက်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်က ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ဖြန့်ဝေလှူဒါန်းပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်တာဝန်ရှိသူတို့က မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ကယ်ဆယ်ပစ္စည်းများ၊ ခေါင်မိုးသွပ်ပြားများ၊ မိုးသံများ၊ ဆပ်ပြာမှုန့်၊ ဖိနပ်စသည်တိုကို ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျေင်းတိုက်(၂၆)ကျောင်းသို့ စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)