ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခြင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိုခါမုန်တိုင်းကြောင့်ပျက်စီး၊ ဆုံးရှုံးသွားသည့် ကျေးရွာများသို့ထောက်ပံ့ပစ္စည်းများပေးအပ်

ဘူးသီးတောင် ဇွန်  ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့သစ်တောင်ရပ်ကွက်ရှိ မြို့မဈေးအနောက်ဖက်ကမ်းနားလမ်းရှိ အမှိုက်ပုံအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူလူထုများပူးပေါင်းပြီး အင်အား(၁၅ဝ)ဦးခန့်ဖြင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ Backhole(၁)စီး၊ တေဘာကား(၄)စီးတို့ဖြင့် အမှိုက်ရှင်းလင်းဆောင်ရွက်နေခြင်းအား သွားရောက်ကြည့်ရှုကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား အားပေးစကားများပြောကြားပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကာဩဝါဒခံယူပြီး ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီး၊ ဆုံးရှုံးသွားသည့် သာသနိက အဆောက်အဦပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု့ကာ လိုအပ်ချက်များ ဖြည်စွက်လှူဒါန်းပေးအပ်ခဲ့ပြီး မိုခါမုန်တိုင်းကြောင့် ပြည်သူ့ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှစေလွှတ်သော (ကလေးအထူးကုဆရာဝန်) ဦးဆောင်သောဆရာဝန်(၅)ဦးအဖွဲ့၊ ဘူးသီးတောင်တပ်နယ်မှ အထူးဆေးကုသရေးအဖွဲ့နှင့် ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆေးကုသရေး ဆရာဝန်များအဖွဲ့တို့ ပူးပေါင်းကာ ပူးပေါင်းနယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျေးရွာအုပ်စုနေ ပြည်သူလူထုများအား (အခမဲ့) ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုကာ အားပေးစကားပြောကြားပြီး မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ကျေးရွာများဖြစ်သော ကင်းတောင်ကျေးရွာအုပ်စု၊ ဩရမကျေးရွာအုပ်စုနှင့် ကညင်ချောင်းကျေးရွာအုပ်စု စုစုပေါင်း(၃)အုပ်စုမှ ဒေသခံပြည်သူများနှင့် ကျေးရွာကိုယ်စားလှယ် များအား ထောက်ပံ့ပစ္စည်းများဖြစ်သည့် ဆန်နှင့်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ကြပြီး လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သို့ အမှန်ရောက်ရှိစေရေး စနစ်တကျဖြန့်ဝေနိုင်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ခွဲဝေရေးကော်မတီဝင်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)