ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမ၌ ပန်းအလှဆင် သင်တန်းနှင့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ပန်းအလှ ဆင်သင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ် စာစောင်ပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်း လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များအား မြန်မာနိုင်ငံသစ်သီး ဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအသင်းမှ အဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအား  အဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကနေ့လည်ပိုင်းက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ(၃/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြော ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၂ နာရီအချိန်က မီးတိုက်ကျေးရွာ၊ အလယ်တန်း(ခွဲ)ကျောင်း၊ စာသင်ဆောင်၌(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းနှင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုပေး

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ငပလီမြို့ ရတနသိဒ္ဓိဘုန်း တော်ကြီးကျောင်း ပညာဒါနစာသင်ဝိုင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မောင်တောမြို့တွင် မုန်တိုင်းဘေးကြောင့်‌ ပျက်စီးခဲ့သော ကျေးရွာများတွင် ထပ်မံထောက်ပံ့ပေးအပ်မည့် သစ်ခွဲသားများရောက်ရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မျိုးစပါးများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများထံသို့ ကျားပျံမျိုးစပါးများ ထောက်ပံ့၊ မြို့နယ်အားကစားကွင်းနှင့် လေဘေးသင့်ကျေးရွာများသို့ထပ်မံ ထောက်ပံ့ပေးအပ်မည့် သစ်ခွဲသားများရောက်ရှိမှုအားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကုန်းခင်ကျေးရွာအုပ်စု၊ ပုန်းဆိုးကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အခြေပြုလျက်ကျေးလက်နေပြည်သူများအားတိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည်ယမန်နေ့‌နေ့လယ်(၁၂)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူတောင် ကျေးရွာနှင့်ဦးဂါကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

မင်းပြားမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်ဇော် လေးမြို့မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက်ရှိ   ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်