မောင်တော ဇူလိုင် ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မျိုးစပါးများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများထံသို့ ကျားပျံမျိုးစပါးများ ထောက်ပံ့၊ မြို့နယ်အားကစားကွင်းနှင့် လေဘေးသင့်ကျေးရွာများသို့ထပ်မံ ထောက်ပံ့ပေးအပ်မည့် သစ်ခွဲသားများရောက်ရှိမှုအားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မျိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရန် အတွက် ကျောက်ပန္ဒူ ကျေးရွာနှင့် အင်းဒင်ကျေးရွာနေ စုစုပေါင်း တောင်သူ ၂၆ ဦးက လယ်မြေဧက ၆၇ ဧကတွင် မျိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ဦးဆောင်ကာ ဆောင်ရွက်နေသည့် အခြေအနေများအား အသေးစိတ်ရှင်း လင်းတင်ပြခဲ့ကြပြီး လိုအပ်သည် များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၄ မိုင်ရပ်ကွက် တောင်သူအသိပညာ ပေးစင်တာတွင် ကျင်းပပြုလုပ်သော မျိုးစပါးများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများထံသို့ ကျားပျံမျိုးစပါးများ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးတို့က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက မျိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး လမ်းညွန်းနည်း စနစ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းမောင်က မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ နိုင်ငံတော်မှကျားပျံ မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်းနှင့် မျိုးစပါးများ စိုက်ပျိုးနိုင်ရေး အတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မုန်တိုင်း ဒဏ်ကြောင့် လေဘေးသင့်ခဲ့ သော ကျောက်ပန္ဒူကျေးရွာနှင့် အင်းဒင်ကျေးရွာရှိတောင်သူ ၂၆ ဦးအတွက် ကျားပျံ မျိုးစပါးတင်း ၁၀၀ အား ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်တို့က တောင်သူများ၏ လက်ဝယ်သို့ ကျားပျံမျိုးစပါးများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေ သော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့မအရှေ့ရပ်ကွက်ရှိ ခရိုင်/မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်းအတွင်းရှိ အားကစားရုံနှင့် ပွဲကြည့်စင်များအား သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့နယ်အားကစားမှူးမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး လိုအပ်သည်များ အား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လေဘေးသင့်ပြည်သူများအား ထပ်မံထောက်ပံ့ ပေးနိုင်ရန်အတွက် သစ်ခွဲသားများသယ်ဆောင်လာသောမော်တော်ယာဉ်ပေါ်ရှိ သစ်များအား တာဝန်ရှိသူများနှင့်အတူ စစ်ဆေးကြည့်ရှုပြီး မြို့နယ်သစ်တောဦးစီးဌာနရုံးတွင် ထိန်းသိမ်းထားရှိကာ လေဘေးသင့် ကျေးရွာများရှိ ပြည်သူများ လက်ဝယ်သို့ ထပ်မံထောက်ပံ့ပေးနိုင်ရေးအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)