မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေး

မာန်အောင် ဇူလိုင်  ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကုန်းခင်ကျေးရွာအုပ်စု၊ ပုန်းဆိုးကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အခြေပြုလျက်ကျေးလက်နေပြည်သူများအားတိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးနှင့်ဝန်ထမ်းများက ကျေးလက်နေပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဒူးနာ၊ခါးနာ၊ချောင်းဆိုး၊လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊သွေးအားနည်း၊အိပ်မပျော်၊ထုံနာ၊ကျဉ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစား နေရသူများအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သောဆေးဝါးများပေးခြင်းများဆောင်ရွက်ပေးပြီး ကျေးလက်နေ ပြည်သူ ၅၀ ဦးခန့်အား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)