ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၌ ကာကွယ်ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS) သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အအေးလမ်းကြောင်းတာဝန်ခံများအတွက်ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS)  သင်တန်း ယမန်နေ့နံနက် စစ်တွေမြို့၊ SS Food Cneter ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကစစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့‌ နေ့လည်(၁၂)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူတောင်ကျေးရွာနှင့်ဦးဂါကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်းနှင့် Oxygen စက်ရုံလည်ပတ်နေမှုအား သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈) နာရီ အချိန်က ဘူးသီးတောင်မြို့၊ ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်တို့၌ သန့်ရှင်းသာယာစေရေးနှင့် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်၊ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်းအင်အား (၂၀၅) ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီးပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းများသိုလှောင်ရုံအား သွားရောက်စစ်ဆေးပြီး နတ်မြစ်ဝအတွင်းကမ်းစပ်အနီး ဒီရေတောသွားရောက် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၊ အထူးကုဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်းသည်။

တောင်ကုတ်မြို့နယ်၌ စိုက်ပျိုးသီးနှံတိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ တိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တောင်ကုတ်-သံတွဲကားလမ်းတစ်လျှောက်ရှိ တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နယူးဝေါလ်ခန်းမတွင်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ မြင့်မြင့်သန်း ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊  စစ်တွေတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ရခိုင်ပြည်နယ်ကျောင်း ကျန်းမာရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊  မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ် ကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအား ပြန်လည်ဖြည့်တင်ရေး၊ ပြည်နယ် မွေးမြူရေးကဏ္ဍပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်
Subscribe to ရခိုင်ပြည်နယ်