ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆန်စက်များအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဆန်စက်များအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်ရာဇ်ကေရပ်ကွက် ဒေါ်ကျော့ဖြူ ဟာလာဆန်စက်၌  ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ မုန်တိုင်းသင့်ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့‌ ချောင်းဝရပ်ကွက်၊ ရုံးတက်လမ်းတွင်တွင် ယမန်နေ့ညနေ(၄)နာရီအချိန်က စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

အမ်းမြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများစစ်ဆေးဆောင်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တောင်စု/ပြည်နယ် ခွင့်ပြုရန် ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော လမ်းတံတားများအား စက်တင်ဘာလ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တော်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား/သူများအား ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းပြားမြို့၌ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက် နေ့လယ်က မင်းပြားမြို့နယ် ပညာရေးမှုးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ‌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊  လူမှုစီးပွားဘဝမြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကံပြင်ကျေးရွာရှိ  ရေချိုငါးသားပေါက်စခန်းစခန်းရုံး၌  ပြုလုပ်ခဲ့သည်။ 

ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွင်း ပထမ သုံးလပတ်အတွက် အသက် (၈၅) နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နေ့လယ် ၁ နာရီက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ခရိုင်အဆင့် ပြိုင်ပွဲ ပြည်သူများသိရှိနိုင်ရန် လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်(၈) နာရီခွဲ အချိန်က မြို့မဈေးရှေ့၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မာန်အောင်မြိုနယ်မှ(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်ဝင်ရောက် ယှဥ်ပြိုင်မည့်ပြိုင်ပွဲ ဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများပေးအပ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်  မြန်မာ့ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားပြီး အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့်တွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်မည့်  ပြိုင်ပွဲဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ မြေပုံမြို့၌ စာဖတ်ချိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲတန်း)တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်