အမ်းမြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများစစ်ဆေးဆောင်ရွက်

အမ်း  စက်တင်ဘာ  ၄

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တောင်စု/ပြည်နယ် ခွင့်ပြုရန် ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော လမ်းတံတားများအား စက်တင်ဘာလ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး( မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန (QC)ဦးစီးအရာရှိ(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့ အမ်းမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးခိုင်နှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘ ဏ္ဍာရေးနှစ်အတွင်း ပြည်တောင်စု/ ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြုရန် ပုံငွေဖြင့် တည်ဆောက်လျက်ရှိသောဒိုင်ကြီး-ကြောင်ဖြူကွင်း-ရပ်သာကျေးရွာချင်းဆက်လမ်းနှင့်မြောက်ပိုင်းရပ်ကွက်- ဆူးပုတ်ပျဥ်းတော ကျေးရွာချင်းဆက်လမ်းတည်ဆောက်ရေး လုပ်ငန်းများအားသွားရောက် စစ်ဆေးပြီးလုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မှီစွာဖြင့် သတ်မှတ်ချိန်တွင် အချိန်မှီပြီးစီးနိုင်ရေးညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)