(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူ

တောင်ကုတ်   စက်တင်ဘာ   ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ခရိုင်အဆင့် ပြိုင်ပွဲ ပြည်သူများသိရှိနိုင်ရန် လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်(၈) နာရီခွဲ အချိန်က မြို့မဈေးရှေ့၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူရာသို့ ပြိုင်ပွဲများကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတက်ရောက်ခဲ့ကြသည်။

တောင်ကုတ်ခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီး ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အလားတူ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို မြို့နယ်ခန်းမရှေ့တွင်လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်