မာန်အောင်မြိုနယ်မှ(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်ဝင်ရောက် ယှဥ်ပြိုင်မည့်ပြိုင်ပွဲ ဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများပေးအပ်

မာန်အောင် စက်တင်ဘာ ၂ 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်  မြန်မာ့ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားပြီး အမျိုးသားရေးစရိုက် လက္ခဏာများမပျောက်ပျက်စေရန်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့်တွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်မည့်  ပြိုင်ပွဲဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ ဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာ အဖွဲ့ဝင်များက (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲခရိုင်အဆင့်တွင် ဝင်ရောက် ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များ ကြိုတင်လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုနောက် ပြိုင်ပွဲဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများ ပေးအပ်ခဲ့ပြီး ရင်းရင်းတွေ့ဆုံကာ အားပေးခဲ့ကြောင်းသိရသည်။

မာန်အောင်မြို့နယ်မှ ခရိုင်အဆင့် ပြိုင်ပွဲဝင်ရန် မြို့နယ်ကိုယ်စားပြု ဝါသနာရှင် (ပထမတန်း) အဆင့်(အဆို) (၁)ဦး၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့် (အဆို)(၄)ဦး၊ အခြေခံပညာ (အသက်၁၅နှစ် မှ၂၀နှစ်အတွင်း) အဆင့်(အဆို)(၁)ဦး၊ စုစုပေါင်း(၆)ဦးဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)