ရသေ့တောင်မြို့နယ်၌ မုန်တိုင်းသင့်ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရသေ့တောင် စက်တင်ဘာ  ၄

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့‌ ချောင်းဝရပ်ကွက်၊ ရုံးတက်လမ်းတွင်တွင် ယမန်နေ့ညနေ(၄)နာရီအချိန်က စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသန်းဝင်းဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ် တာဝန်ခံ ဦးထွန်းမြနှင့်တာဝန်ရှိသူတို့က စားအုန်းဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီပိဿာ ၅၅၀ ပိဿာကို လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးသို့များသို့ သွားရောက်ရောင်းချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)