ရခိုင်ပြည်နယ်

အောင်မြေသာစည် ပရိယတ္တိ စာသင်တိုက် ဓမ္မစကူးလ်သင်တန်းကျောင်းတွင် တေးကဗျာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် အမှတ်(၈)ရပ်ကွက်၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယ(သာသနဓဇ ဓမ္မာစရိယ) ကြီးမှူး၍ အောင်မြေသာစည် ဓမ္မစကူးလ်သင်တန်းကို ဇွန်လ ၁၈ ရက်နေ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် (၇)နာရီမှ (၁၀)နာရီ အထိ ကျောင်းသား/သူ(၂၀၀)ဦးခန့်ဖြင့် ဖွင့်လှစ်ခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သင်ခန်းစာ နှစ်ဝက်စစ်ဆေးခြင်းနှင့် တေးကဗျာပြိုင်ပွဲကို ကျင်းပခဲ့သည်။

မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ် အောက်တိုဘာလအတွက် ပင်စင်လစာငွေများကို ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိ​သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့်ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီကုသမှုများရရှိနိုင်စေရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ အထူးကုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ အထူးကု ပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်နေသကဲ့သို့ အဆိုပါ အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို နိုင်ငံသားများအားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစ၍ အငြိမ်းစားဝန်ထမ်းများ၏ လစာကို ကာယကံရှင်များထံသို့ စနစ်တကျထုတ်ပေးလျက်ရှိသည်။

တောင်ပြိုလက်ဝဲမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဘူးသီးတောင်မြို့၌ စားသုံးဆီ(၁)ပိဿာလျှင်(၅၂၀၀)ကျပ်နှုန်းဖြင့် ဆီ(၁၃၄၀)ပိဿာ လက်လီရောင်းချပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီအရောင်း ဈေးကားဖြင့် ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားသုံးသူ(ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပေါက်တောမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်