ရသေ့တောင် အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၁၆၆၀)ဦးရှိပြီး အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို လစဉ်လဆန်းရက်ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)