ပေါက်တောမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါက်တော အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက နွေရာသီရေရရှိရေးနှင့် မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့သန့်ရှင်းသာယာလှပရေး၊လမ်းတံတားအဆင့်မြှင့်တင်ရေးကိစ္စရပ်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်ရေးကိစ္စရပ်များ၊ မြို့မစျေးအဆင့်မြှင်တင်ရေးကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေထုတ်ပေးထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ Biometric Data ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကိစ္စရပ်များ၊ ရုံးများဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များနှင့်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)