ဘူးသီးတောင်မြို့၌ စားသုံးဆီ(၁)ပိဿာလျှင်(၅၂၀၀)ကျပ်နှုန်းဖြင့် ဆီ(၁၃၄၀)ပိဿာ လက်လီရောင်းချပေးလျက်ရှိ

ဘူးသီးတောင် အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီအရောင်း ဈေးကားဖြင့် ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားသုံးသူ(ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးမည့် စားသုံးဆီများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က စစ်ဆေးကြီးကြပ်လျက် ဘူးသီးတောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး၊ ဦးကျော်ခိုင်ထွန်း၊ ဦးညီညီတိုး၊ ဒေါ်ဝင်းဝင်းစံ၊ ဦးလှသောင်း၊ ဦးသန်းဇော်နိုင်၊ ဦးဘုန်းမြတ်သူ၊ ဦးဂျော်မိလ်တို့မှရပ်ကွက်(၇)ခုရှိ ပြည်သူများအတွက် စားသုံးဆီ(၁)ပိဿာလျှင်(၅၂၀၀)ကျပ်နှုန်းဖြင့် ဆီ(၁၃၄၀)ပိဿာအား  လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

လှကျော်( ပြန်/ဆက်)