ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်ရဲ့ အဓိကခရီးစဉ်တစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း အသိပေးနှိုးဆော်သည့်အနေဖြင့် ကျင်းပပြုလုပ်မည့် ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။