ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေသန့်စက်ရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

မောင်တော     အောက်တိုဘာ  ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေသန့်စက်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုးနိုင် ဦးဆောင်၍တပ်ဖွဲ့ဝင်များက ဝေသာလီရပ်ကွက်အတွင်းရှိ MD plus ရေသန့်စက်ရုံအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်မီးကို  စနစ်တကျအသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲရာတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာ ကြိုးများအား အရည်အသွေးကောင်းမွန်သော  အမျိုးအစားများ သုံးစွဲကြပါရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း မြို့နယ် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန်စသည့်တို့ကို ကွင်းဆင်းစစ်ဆေးအကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင် ပြန်/ဆက်)