(၃၃)ကြိမ်မြောက် ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲ သီတင်းကျွတ်လပြည့်နေ့၌ကျင်းပမည်

ပေါက်တော     အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့နှင့် ပေါက်တောလူမှုကူညီမှုအသင်း (Pauktaw Human Rescue) အသင်းတို့၏ ဦးဆောင်မှုဖြင့် သီတင်းကျွတ်လပြည့်နေ့ နံနက်(၅)နာရီအချိန်တွင် ပေါက်တောမြို့ရှိ ဦးဥတ္တမလမ်းတစ်လျှောက် ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 အဆိုပါဆွမ်းတော်ကြီးလောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် ပရဟိတ ရွှေပန်းထိမ်လူငယ်အဖွဲ့နှင့် ပေါက်တောလူမှုကူညီမှုအသင်း (P.T.H.R)အသင်းတို့ဦးစီး၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ဆင်းတုတော်အား ရောင်တော်ဖွင့်ခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်းနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ အလှူငွေကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၃၇)ကျောင်းမှ သံဃာတော်အပါး(၁၀၀)ကျော်တို့သည် ဝါတော်ကြီးငယ်စီတန်းလျက် လောကထိပ်ပန် ဆုတောင်းပြည့်ဘုရားကြီးရင်ပြင်စုရပ်မှ ဦးဥတ္တမလမ်းတစ်လျှောက် ဆွမ်းခံကြွလာကြမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)