မောင်တော အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာသက္ကရာဇ်-၁၃၈၅ခု၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်မည့် ဂိုဏ်းပေါင်းစုံ သံဃာ့ပဝါရဏပွဲတော်ကြီးနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပပြုလုပ်မည့်ဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ဆရာတော်အရှင်သူမြတ်များအားဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို စနစ်တကျပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ဆွမ်းဆန် စိမ်းလောင်းလှူနိုင်ရေးအတွက် လိုအပ်သော အခမ်းအနားပြင်ဆင်ရေး ကိစ္စရပ်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သီတင်းကျွတ်ကာလအတွင်း ဘုရားစေတီပုထိုးများတွင် ဆီမီးများထွန်းညှိပူဇော်နိုင်ရေးအတွက် စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်း တာဝန်များအား အသီးသီး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)