ဂွမြို့နယ်တွင် နယ်လှည့်ဈေးရောင်းပွဲတော် ကျင်းပ

 ဂွ အောက်တိုဘာ  ၂၇

နိုင်ငံတစ်ဝန်း ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော်များကိုလည်း ကျင်းပလျက်ရှိရာ ဂွမြို့နယ်တွင်လည်း သီတင်းကျွတ်နယ်လှည့်ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်မှ နိုဝင်ဘာလ (၁)ရက်အထိ မြို့နယ်စည်ပင်သာယာပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ငွေသဇင်ကုမ္ပဏီက ဦးစီး၍ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ အစားအစာအရောင်းဆိုင်များ၊ ကစားစရာပစ္စည်းအရောင်းဆိုင်များ၊ ကလေးများကစားနိုင်သည့် ကစားကွင်းများဖြင့် (၆)ရက်တိုင်တိုင် နံနက် (၉) နာရီမှ ည (၉) နာရီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လှည့်လည်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်