ကရင်ပြည်နယ်

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်း မုန့်စျေးတန်းတွင် စားသုံးသူအန္တရာယ်ကင်းရှင်းရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ မုန့်စျေးတန်းတွင် ရောင်းချသော အစားအစာများ ဘေးဥပါဒ်ကင်းရှင်းရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ (၃) နာရီက ကျောင်းသား/ ကျောင်းသူများအား ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့၌ ဒေသထွက်ငှက်ပျောသီးများရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိဒေသခံများမှာ နှစ်တို/နှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည်။

ဘားအံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်ငြိမ်းချမ်းရေး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

အနာဂတ်တွင် အားကိုးအားထားပြုရမည့်လူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးရန်လေ့ကျင့်မွေးထုတ်ပေးရာ ဘားအံတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ငြိမ်းချမ်းရေး၏ အနှစ်သာရကိုသိရှိပြီး နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ်အသိပညာများ ရရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်ငြိမ်းချမ်းရေးကျပန်းစကားပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌ မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မီးခိုးမြူငွေ့ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့်လျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်