လိပ်သိုမြို့၌ ဒေသထွက်ငှက်ပျောသီးများရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိဒေသခံများမှာ နှစ်တို/နှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည်။

ဒေသတွင်း၌ သီးမွှေး၊ ရွှေနီ၊ ရွှေဖြူ၊ ရခိုင်၊ ဖီးကြမ်း စသည့် ငှက်ပျောမျိုးများ စိုက်ပျိုးလျက်ရှိရာ ဒေသထွက် ရွှေနီ၊ ရွှေဖြူ ငှက်ပျောသီးတစ်ဖီးလျှင် အလုံးရေပေါ်မူတည်၍ (၄၀၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ စျေးရရှိနေကြောင်း သိရသည်။

ဒေသထွက် ငှက်ပျောသီးများကို စားသုံးရန်၊ လက်ဆောင်ပေးရန်နှင့် ငှက်ပျောခြောက်၊ ငှက်ပျောယို ပြုလုပ်ရန်အတွက် ဝယ်ယူစားသုံးသူ များပြားလျက်ရှိနေကြောင်း သိရသည်။

နော်ဖလောရင်း (ပြန်/ဆက်)