သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်

သံတောင်ကြီး ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ (၃) နာရီက ကျောင်းသား/ ကျောင်းသူများအား ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏တိုင်းရင်းသားဘာသာစကားကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၉)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ