Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရှင်ဗွေယန်မြို့တွင် (Quarantine Center) ထားရှိရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြားမြို့/ရွာများမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူ များအား (Quarantine Center) ထားရှိရန်အတွက် ရှင်ဗွေယန်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းဝင်းအတွင်းရှိ ယောဂီအဆောင်ကို ယမန်နေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/ အထွက် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု နေစဉ်မပြတ်ဆက်လက်ဆောင်ရွက်
Sep 14,2020
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်အဝင်လုံခြုံရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့ ပူးပေါင်းစစ်ဆေးဂိတ်တွင် ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းကို နေ့စဉ်စစ်ဆေးပေး
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကာလအဖြစ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ လီဒိုလမ်းမကြီး တစ်လျှောက် ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား စည်ပင်သာယာစျေးအရှေ့၊ မြို့အဝင်ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ ည ၉ နာရီထိ အရှိန်မပြတ် ခရီးသွားမှတ်တမ်းများ ကောက်ယူ စစ်ဆေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့ပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက် (ဗန်းမော်-နမ့်ခမ်း ကားလမ်းဘေး) အလောင်းဘုရားလမ်းထိပ် မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်တရားရုံး လမ်းထောင့်နေရာတွင် ယမန်နေ့ ည(၇)နာရီ (၃၅)မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်
Sep 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Sep 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း/ဈေးအပြင်တွင်ရောင်းချသည့် ဈေးသည်များအား သတ်မှတ်အကွာအဝေးအတွင်း ရောင်းချစေခြင်း၊ ဈေးသည်များနှင့် ဈေးသို့လာရောက်သူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း Mask မပါရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှသာဝင်ရောက်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကမ်းပါးပြိုသည့်နေရာ ထပ်မံပြိုကျမှု ဖြစ်ပွား
Sep 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ ချိန်ခန့်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းသွား လမ်းမကြီးတံတား ညီနောင်အနီး ယခင်ကမ်းပါး ပြိုကျသည့်နေရာ ကီလိုမီတာ (၉၀/၉၁) ကြား လမ်းမ၏ယာဘက်ခြမ်းတွင် တောင်ကမ်းပါးပြိုကျလာမှုကြောင့် အလျား(၁၅၀) ပေ၊ အနံ(၂၅) ပေ၊ အမြင့် (၁၅) ပေခန့်ရှိ မြေစာနှင့်ကျောက်ခဲများ ပိတ်ဆို့သွားသဖြင့် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
196
Page
197
Page
198
Page
199
Current page
200
Page
201
Page
202
Page
203
Page
204
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department