ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် ညမထွက်ရန်အမိန့်ရက်တိုး ထုတ်ပြန်ခြင်းကို ယမန်နေ့ည ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက် လမ်းဆုံနေရာများတွင် လိုက်လံအသိ ပေး ကြေငြာခဲ့ကြသည်။
Sep 16,2020
မင်းတပ်မြို့မစျေးနှင့် ပျံကျစျေးအတွင်းရှိ စျေးရောင်းစျေးဝယ်ပြည်သူများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 16,2020
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် “ညမထွက်ရ” အမိန့်ကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူမှု သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။
Sep 15,2020
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့က ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းကို မတူပီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
Sep 15,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို တီးတိန် (မြို့နယ် ပြန်/ဆက်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
Sep 15,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ မြို့နယ်လဝကရုံး၌ ကျင်းပကြောင်း သိရသည်။