ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 15,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show ) ပြုလုပ်ခဲ့သည်။
Sep 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။
Sep 15,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီက မတူပီမြို့ ဘုံတလာ ခန်းမ၌ ကျင်းပခဲ့သည်။
Sep 15,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက် ခဲ့​ကြသည်။
Sep 15,2020
ပလက်ဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစျေးနှင့် အိမ်ဆိုင်များအား သြဂုတ်လ(၂၄)ရက်နေ့မှစ၍ ရောင်းချခွင့် ယာယီပိတ်ထားပြီး မြို့မပျံကျစျေးအား အချိန်အကန့် အသတ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 15,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ် နိုင်ရေးအတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် လူငယ်များပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2020
ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာများသို့ ယနေ့နံနက် ၁၀ နာရီခန့်ကစတင်၍ ကွင်းဆင်းကာ ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။