Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် မောင်းနှင်သွားလာသူများအား ဥပဒေနှင့်အညီအရေးယူမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 15,2020
ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး ရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို စက်တင်ဘာ ၁၅ ရက်နေ့က ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းမကြီး တစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ အရှိန်အဟုန်မြှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ် အ.ထ.က ကျောင်း၌ Quarantine Centre အဖြစ်ထားရှိရန် ပြင်ဆင်ဆောင်ရွက်
Sep 15,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.ကကျောင်း၌ ကိုဗစ်-၁၉ ဖြစ်ပွားရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံပြည်သူများအား (Quarantine Centre) ထားရှိရန်အတွက် နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၆) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်
Sep 15,2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၆ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ပြန်လည်စေလွှတ် ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
Sep 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ခေါင်လန်ဖူး မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် မင်းကင်းမြို့တွင် ခရီးသွားပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီး သွား မှတ်တမ်းများ စနစ်တကျ ရယူခြင်း ဆောင်ရွက်
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းဗိုလ်ဦးဆောင်သောအဖွဲ့နှင့် ချမ်းမြေ့စည် သာသနာ့ ရိပ်သာ ဆရာတော်ဥူးဇောတိကဓမ္မရံသီတို့က ခရီးသွား ပြည်သူများ အား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွားမှတ်တမ်းများရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ(၂၈)ဦး Facility Quarantine ထားရှိဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ (၂၈)ဦးတို့သည် ယခုလတ်တလောအချိန်တွင် သတ်မှတ်ထားသည့် Facility Quarantine Centre နေရာများတွင် စောင့်ကြပ်ကြည့်ရှုခြင်း ခံယူလျက် ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို တွန်းဇံမြို့ပေါ်အတွင်း လှည့်လည်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
194
Page
195
Page
196
Page
197
Current page
198
Page
199
Page
200
Page
201
Page
202
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department