Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ရန်ကုန် - မြစ်ကြီးနား လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် မိသားစုဝင်များအား အသွားအလာကန့်သတ်ထားရှိ
Sep 11,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် နီးကပ်ထိတွေ့မှု ရှိသူများအား စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက် လျက်ရှိရာ ဖားကန့်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ဩဂုတ် ၁၃ ရက်နေ့က ရန်ကုန်မှ မြစ်ကြီးနားသို့ Air Than lwin လေယာဉ်ဖြင့် လေယာဉ်တစ်စီးတည်း အတူစီးခဲ့သူ လေးဦးအပါအဝင် အတူနေမိသားစုလေးဦးတို့အား စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် ယူမာကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားလိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့ခြောက်လမ်းဆုံတွင် ဒုတိယအကြိမ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Sep 11,2020
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များနှင့် လူငယ်များ ပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရောင်ပြန်(Sticker) များ ကပ်နှိပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 11,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့တွင် ဆေးဝါးဖြန့်ဖြူးရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Sep 11,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဆေးဝါးဖြန့်ဖြူးရောင်းချသည့် ဆေးဆိုင် ပိုင်ရှင်များအား ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ၂ နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
Sep 11,2020
မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 11,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Sep 11,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူတာအိုခရိုင် မချမ်းဘောမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၅) နာရီက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန် လွယ်ဂျယ်မြို့အဝင်၌ ခရီးသည်များအား စစ်ဆေးကြပ်မတ်
Sep 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင် ဝိန်းခမ်းကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး ကြပ်မတ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
198
Page
199
Page
200
Page
201
Current page
202
Page
203
Page
204
Page
205
Page
206
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department