Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်
Sep 30,2020
၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှု နှင့်အတူ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ မြို့များ၊ ရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှ (၁၄) ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၂၁၆)ခု ဆောင်ရွက်မည်
Sep 30,2020
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၂၁၆) ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့ရုံးထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
Sep 30,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေတစ်ရွာလျှင်ကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာ (၁၀) ရွာအား စီမံကိန်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုနှင့် ခရီးသွားမှတ်တမ်းကောက်ယူခြင်းများကို နေ့/ည အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 30,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သည် ချင်းပြည်နယ်မြောက်ပိုင်း၏ စစ်ကိုင်းတိုင်းအတွင်းသို့ အဝင်/အထွက် အဓိကအချက်အချာကျသောဒေသဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အထွက်ဂိတ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုနှင့် ခရီးသွားရာဇဝင်မှတ်တမ်းကောက်ယူမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 30,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီခန့်က ဆွမ်ပရာဘွမ်မြို့ ဆုတောင်းပြည့်စေတီရင်ပြင်တော်တွင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲစာရင်းကြေညာရာတွင် ပြည့်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး
Sep 30,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည့်စုံမှန်ကန်ရေး မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့တွင် ကုန်စိမ်းဈေးသည်များနှင့် သားသတ်လုပ်ငန်းပိုင်ရှင်များ ကျန်းမာရေးနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေး
Sep 30,2020
ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံ စားသောက် ကုန်များ ရောင်းချသည့် ဈေးဆိုင်များအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ သတ်မှတ်လိုက်နာ ဆောင်ရွက်နိုင်မှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင်း လှည့်လည် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာတွင် လေပြင်းတိုက်ခိုက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Sep 30,2020
ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြောင်းဖူးပင်များ ပျက်စီးမှု အခြေအနေများအားကို ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများပူးပေါင်း၍ ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
161
Page
162
Page
163
Page
164
Current page
165
Page
166
Page
167
Page
168
Page
169
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department