ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာထား‌ကြောင်းသိရသည်။
Oct 01,2020
တီးတိန်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များ၊ သတိပေးညွှန်ကြားချက်များ လိုက်နာစေရေး မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ ၁နာရီတွင် စားသောက်ဆိုင်များ၌ အသိပညာပေးဆောင်ရွက်သည်။
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းကို ယနေ့ နံနက်(၉)နာရီတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ် ပို့ချခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်မြေရဲစခန်း၌ ယ‌နေ့နံနက်(၇)နာရီတွင် ကျင်းပခဲ့သည်။
Oct 01,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘန်ရူခန်းမ၌ ကျင်းပသည်။
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးများ၊ ဟားခါးမြို့ပေါ်တွင် (၁၁)နေရာနှင့် ကျေးရွာအုပ်စုများ တွင်(၆၈)နေရာ စုစုပေါင်း (၇၉)နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ၍ကပ်ထား ကြေညာခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေးတို့အတွက် ဒုတိယအကြိမ်အဖြစ် အခြေခံမဲစာရင်းများ ကပ်ထားကြေညာခြင်းကို လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁) ရပ်ကွက်ရှိ MTP Hall နှင့် အမှတ်(၂)ရပ်ကွက်ရှိ KTP Hall တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာ ပေးလျက်ရှိကြသည်။
Oct 01,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ယနေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။