Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်နေသည့် Cash for Work စီမံကိန်း လုပ်ငန်းများပြီးစီး
Oct 01,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်လျက် တစ်ရွာလျှင် ကော်မတီ(၉)စီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ မဲရုံ(၂၃)ရုံတို့တွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချ
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း မဲရုံ၌ လုံခြုံရေးတာဝန်များ ကြပ်မတ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထူးရဲသင်တန်းကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ မြို့မရဲစခန်း အစည်း အဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ရေဇွာမြို့ ဌာနဆိုင်ရာအားလုံး စုပေါင်းပြီး အသက်(၈၀)နှင့်အထက်ဘိုးဘွား(၄၆)ဦးအား ကန်တော့
Oct 01,2020
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက် သည့် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် ရေဇွာမြို့ ဌာနဆိုင်ရာများ စုပေါင်းပြီး အသက်(၈၀)နှင့်အထက် ဘိုးဘွား(၄၆)ဦးအားအိမ်တိုင်ရာရောက် ကန်တော့ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် Hand Speaker ၊ Thermometer ၊ Mask များ ပေးအပ်
Oct 01,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် Hand Speaker ၊ Thermometer ၊ Mask များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းများအတွက် သင်တန်းဖွင့်လှစ်
Oct 01,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Center ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်၌ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြား တင်ဒါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံသို့ လျှောက်ထားနိုင်
Oct 01,2020
ကန်ပက်လက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ပုံငွေကျပ် (၁၀) သန်းမှ သန်း(၁၀၀) ကြား တင်ဒါလုပ်ငန်းများကို ၁၆-၁၀-၂၀၂၀ ရက်နေ့၊ ညနေ (၁၆:၃၀) နာရီနောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် မြို့မစျေးရှေ့၌ နှာခေါင်းစည်း(Mask) (၆၅၀)ခုအခမဲ့ဖြန့်ဝေ
Oct 01,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်) မှ ယာဉ်ထိန်းရဲအုပ်(တာဝန်ခံ) စိုးဝင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)(၆၅၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
159
Page
160
Page
161
Page
162
Current page
163
Page
164
Page
165
Page
166
Page
167
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department